သေချာပါတယ် အချစ်ရာ
၁၁ရက်၊ နိုဝင်ဘာ၊၂၀၀၇
ကိုယ်သေဆုံးတဲ့ရက်
ကိုယ်သိပ်ချစ်တဲ့ အချစ်ဦးသူ အချစ်ရာ
ကိုယ့်နှလုံး၊ အသွေးရပ်တန့်သွားအောင်
ကိုယ့်ကို ကံကြမ္မာက ရက်စက်လေပြီ
ဒါဟာ တရားတယ်၊ မတရားဘူး ဆိုတာ
ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး
သေချာတာက ကိုယ်ဟာရူးမတတ်ပဲ
ခန္ဓာအစိတ်ပိုင်း တစ်ခုထဲက နှလုံးတစ်ခု
ဒီနေ့ သေဆုံးသွားပါပြီ အချစ်ရာ...
ကိုယ့်ကိုနှုတ်ဆက်ပြီး ထွက်မသွားပါနဲ့ကွာ
တားဆီးလို့မရမှန်းသိရက်နဲ့ တားချင်မိတယ်
နင်တိတ်တိတ်လေးပဲ ထွက်သွားပါကွာနော်
ကိုယ်ဟာ အတိတ်ကပျော်ရွှင်ခဲ့ဖူးတ်ာတွေနဲ့ပဲ
နှစ်သိမ့်ခွင့်ပေးပါ အချစ်ရာ...
လွတ်လပ်စွာပျံသန်းသွားပါ အချစ်ဆုံးသူရာ
ကိုယ်ဟာ နင့်အတွက် အတားအဆီးမဖြစ်ပါရစေနဲ့
နင်ပျော်ရင် ကိုယ်ကျေနပ်ရမှာပေါ့
ကိုယ်ဟာ နင့်ကို ချစ်တဲ့သူလေ
ကိုယ်ဟာ အဖြည့်ခံဆိုတဲ့ ဘ၀လောက်တောင်
အချစ်ကို မဖြည့်ဆည်းနိုင်ခဲ့သေးပါဘူးကွာ
ကိုယ်ဟာ ကိုယ်ချစ်တာကိုဘဲသိတဲ့
ကိုယ်ဟာ ကိုယ်ချစ်တာကိုဘဲသိတဲ့
တစ်ဖက်သတ် အချစ်ရူးတစ်ယောက်ပါ
တစ်ကယ်ဆိုရင် အချစ်ကို
ကြမ်းတမ်းလှ တဲ့ကိုယ်ဘ၀ထဲကို
ဆွဲမခေါ်ရက်ပါဘူးကွာ...
ဒါပေမယ့် ကိုယ်ဟာ ချစ်တတ်သူ တစ်ယောက်မို့
သူ့ကို ချစ်မိတဲ့ အပြစ်အတွက်
ပူလောင်စွာ ရင်ကွဲခြင်းကိုအဖော်ပြုရတော့မှာပေါ့။ ။

|