javascript:void(0)

Subscribe

Post Feed (RSS)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, December 1, 2008

HAAI LA CAWH SIH

by: Van Hung Cang

Ronglii rongthai
khawthlii o tui ang
tha awm lii veng
haai la cawh sih.

Dan ngaih awmtheen
rai ang pailum
baw a tui lli veng
haai la cawh u sih.

Nuhaam pahaam
lawng m’peek bibi te
lengpang thyyng lang
haai la cawh u sih.

Kawpok thik-at sai thik-at
pai ham ram dan
raina yh lang
haai la cawh u sih.

Wednesday, May 7, 2008

အမေ့မှာတမ်း

လောဘရယ်မဲ့၊ အတ္ကမရှိသေးတဲ့
အပြစ်မဲ့ အဖြူစင်ဆုံး ကလေးဘ၀က
အေးမြတဲ့ အမေ့မေတ္ကာအေးရိပ်ဟာ၊ ကျွန်တော့အတွက်
လိုတရတဲ့ နိဗ္ဗာန်ပဲပေါ ...

အရှုပ်အထွေးများနဲ့၊ လောကရဲ့ ပရိယာယ်ကြားထဲ
အဆိုးနဲ့အကောင်း၊ အရှက်နဲ့သိက္ခာတွေကို
ခွဲခြမ်းသိတတ်တဲ့ အသက်အရွယ်ရလာတဲ့အချိန်မှာ
အမေ့မေတ္ကာကိုကျောခိုင်း ဆန္ဒစေရာလှမ်းလို့
မှောင်မှိုက်ခြင်းခရီး စနှင်ခဲံပေမယ့် ...

ရင်နှစ်သားမို့ အပြစ်မမြင် ပွေမယူပဲ
ချစ်သောသားအတွက် သောကအပူ
ရင်တွင်းဒဏ်ရာများစွာကို အပြုံးမျက်နှာနဲ့ ဖုံးကွယ်ခဲ့ရင်း
သားမိုက်အတွက် ဖဘုရားထံတော်ပါး
စဉ်ဆက်မပြတ် တောင်းဆုချွှေပေးခဲ့တဲ့ အို... အမေ

အဆင်းရယ်မရှိ အချင်းရယ်မဲ့ပြန်တော့
အတွေ့အကြုံမှ ဘ၀ဒဿနအမြင်နဲ့
အမေ့ဆိုဆုံးမစကား ရှုပ်ထွေးမှုနဲ့ လောကရေးရာ
ကြုံကြိုက်ခိုက်မှာ ကျွန်တော့အတွက် ဆင်ခြင်တုံတရား
များစွာကို ပေးခဲ့တယ် ...

ပျက်စီးခြင်း လမ်းမထက်က
ကြင်နာဟန် အပြုံးတုတစ်ချို့နဲ့
အဆိပ်လူးမေတ္တာ နားလည်သိတတ်တဲ့ ချိန်မှာတော့
နွေးထွေးတဲံ အမေ့မေတ္တာရိပ်မှာ ခိုနားဖို့
ကျွန်တော့်ရဲ့ နောင်တနဲ့ အိမ်အပြန်းခရီးကို
အမေ... အကြင်နာအပြုံးနဲ့
မကြိုဆိုနိုင်ခဲ့လေပြီ ... ။ ။

စာ(င်)မာ့

............................................................
အမေများနေ့၌

(၁၉၉၃ ဒီဇင်ဘာလ၊ ၇ ရက်) နေ့တွင် ခရစ်တော်၌ အိပ်ပျော်သွားသော ချစ်သော အမေ့ ကို မိခင်များနေ့၌ ဂုဏ်ပြုရေးသားသော ရင်းတွင်း ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ ။

Sunday, December 2, 2007

ညဥ့်ငှက်ပန်း


တစ်ပွင့် တစ်လွှာ
တစ်လွှာ တစ်ခတ်
ငုံအစစ်မို့
ရင့်လို့ပဲ ၀ါဝ
ညှာတံပဲ ပြုတ်ပြုတ်
"ဖြုတ်" ခနဲပဲ ကြွေကြွေ
ဖွဖွကလေး ကောက်လို့
ပန်းခြောက်ကလေးပ
မြတ်နိုးမယ်။ ။


Monday, November 12, 2007

၁၁ရက်၊ နိုဝင်ဘာ၊၂၀၀၇

သေချာပါတယ် အချစ်ရာ
၁၁ရက်၊ နိုဝင်ဘာ၊၂၀၀၇
ကိုယ်သေဆုံးတဲ့ရက်
ကိုယ်သိပ်ချစ်တဲ့ အချစ်ဦးသူ အချစ်ရာ
ကိုယ့်နှလုံး၊ အသွေးရပ်တန့်သွားအောင
ကိုယ့်ကို ကံကြမ္မာက ရက်စက်လေပြီ
ဒါဟာ တရားတယ်၊ မတရားဘူး ဆိုတာ
ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး
သေချာတာက ကိုယ်ဟာရူးမတတ်ပဲ
ခန္ဓာအစိတ်ပိုင်း တစ်ခုထဲက နှလုံးတစ်ခု
ဒီနေ့ သေဆုံးသွားပါပြီ အချစ်ရာ...

ကိုယ့်ကိုနှုတ်ဆက်ပြီး ထွက်မသွားပါနဲ့ကွာ
တားဆီးလို့မရမှန်းသိရက်နဲ့ တားချင်မိတယ်
နင်တိတ်တိတ်လေးပဲ ထွက်သွားပါကွာနော်
ကိုယ်ဟာ အတိတ်ကပျော်ရွှင်ခဲ့ဖူးတ်ာတွေနဲ့ပဲ
နှစ်သိမ့်ခွင့်ပေးပါ အချစ်ရာ...

လွတ်လပ်စွာပျံသန်းသွားပါ အချစ်ဆုံးသူရာ
ကိုယ်ဟာ နင့်အတွက် အတားအဆီးမဖြစ်ပါရစေနဲ့
နင်ပျော်ရင် ကိုယ်ကျေနပ်ရမှာပေါ့
ကိုယ်ဟာ နင့်ကို ချစ်တဲ့သူလေ
ကိုယ်ဟာ အဖြည့်ခံဆိုတဲ့ ဘ၀လောက်တောင်
အချစ်ကို မဖြည့်ဆည်းနိုင်ခဲ့သေးပါဘူးကွာ
ကိုယ်ဟာ ကိုယ်ချစ်တာကိုဘဲသိတဲ့
တစ်ဖက်သတ် အချစ်ရူးတစ်ယောက်ပါ
တစ်ကယ်ဆိုရင် အချစ်ကို
ကြမ်းတမ်းလှ တဲ့ကိုယ်ဘ၀ထဲကို
ဆွဲမခေါ်ရက်ပါဘူးကွာ...

ဒါပေမယ့် ကိုယ်ဟာ ချစ်တတ်သူ တစ်ယောက်မို့
သူ့ကို ချစ်မိတဲ့ အပြစ်အတွက်
ပူလောင်စွာ ရင်ကွဲခြင်းကိုအဖော်ပြုရတော့မှာပေါ့။ ။